၁၀တန်းကျောင်းသားဘဝရဲ့ ညတစ်ညမှာ ရုတ်တရက် လန့်နိုးလာတယ်။ လက်ပတ်နာရီကို လှမ်းကြည့်လိုက်တော့ ည ၁ နာရီ မိနစ် ၂၀။ ခြင်ထောင်က ထောင်မထားဘူး။ ဒီတိုင်း အိပ်ပျော်နေတယ်။ နောက်ထပ် သတိထားမိတာက ဧည့်ခန်းက အလင်းရောင်က ကျွန်တော့်အခန်းထဲ သဲ့သဲ့ထိုးဝင်နေတယ်။ “ငါ ဘာလို့ မီးမပိတ်ခဲ့တာလဲ။” ဆိုတဲ့ အတွေး ခေါင်းထဲ ဝင်လာတယ်။ (ဆယ်တန်းကျောင်းသားလေ။ ကိုယ်က နောက်ဆုံးအိပ်တာ။) ဒါနဲ့ အိပ်ချင်မူးတူးနဲ့ ထလာပြီး မီးပိတ်ဖို့ လုပ်တယ်။ အဲ့ဒီတော့မှ ကိုယ်ဘာဖြစ်သွားလဲ သိတော့တယ်။

ဧည့်ခန်းထဲမှာ ကိုယ်နောက်ဆုံး ကျက်ထားတဲ့ စာအုပ်က ပုံမပျက်ဖွင့်လျက်သား။ နောက်ဆုံး မှတ်မိလိုက်တာကလဲ စာကျက်နေတယ်ဆိုတာပဲ။ ဘယ်လောက်အထိ အိပ်ချင်သွားလဲ မသိဘူး။ မသိစိတ်က ကိုယ့် ခန္ဓာကိုယ်ကြီး တစ်ခုလုံးကို မ, ရွှေ့သွားတာကို မသိလိုက်ဘူး။ တကယ်ပါ။ ကိုယ့်စိတ်နဲ့ကိုယ် လုံးဝ ဝင်အိပ်တာ မဟုတ်ပါဘူး။ ကိုယ့်သဘောနဲ့ ကိုယ်အိပ်တာဆို မီးလေးတော့ ပိတ်မှာပေါ့။ ကဲ တကယ်လို့… ကုတင်ပေါ် ခဏ သွားလှဲရင်းနဲ့ အိပ်ပျော်သွားတာကော ဆိုရင်တော့…

တကယ်ပါ အဲ့လို သွားလှဲတာကို ကို ကျွန်တော် မမှတ်မိတော့ပါဘူး။ စိတ်က ဆန်းကြယ်ပါတယ်။

(စင်္ကာပူမှာ စာကျက်ရင်း ည ၁ နာရီ မိနစ် ၂၀ အရောက်မှာ ဆယ်တန်းက ဒီအကြောင်းလေးကို ပြန်စဉ်းစားမိလို့ အမှတ်တယ ရေးထားတာပါ။)