ဆယ်တန်းထဲက စိတ်ဖိစီးမှုတွေ၊ ပူပန်မှုတွေ၊ ဖိအားတွေနဲ့ တော်တော်လေး ခင်ခဲ့ရတယ်။ အခု စင်္ကာပူရောက်တော့ ပိုတောင်ဆိုးသေးတယ်။ အဲ့တော့ အမြဲတမ်း သောကကင်းတဲ့ Stressless State တစ်ခုကို ပိုင်ဆိုင်ချင်ခဲ့တယ်။ (သေခြင်းတရားက လွဲလို့ပေါ့လေ။)

မှတ်မှတ်ယယ၊ ကျွန်တော့်ဘဝမှာ အဲ့ဒီ ပန်းမြို့တော်လေးကို ရောက်တိုင်း သောကတွေ ဝေးရတယ်။ အဲ့ဒီမြို့လေးဟာ ခေတ်နောက်ကျကျန်ခဲ့တဲ့ တောမြို့လေးတစ်မြို့ မဟုတ်ပါဘူး။ ခေတ်မှီတဲ့ မြို့ပေါက်စလေးပါ။ ဒါပေမယ့် ဒေသခံတွေရဲ့ ဘဝက (မြို့ပြနဲ့ မတူပဲ) အရမ်းငြိမ်းချမ်းတဲ့ အသွင်ဆောင်ပါတယ်။ လောဘ၊ ဒေါသတွေ ကင်းနေတယ်လို့ ခံစားရတယ်။

အေးချမ်းတဲ့ တောင်ပေါ်မြို့လေးဟာ ကျွန်တော့်ဘဝကိုလည်း အေးချမ်းစေတာ အမှန်ပါပဲ။ ကျွန်တော်ဘယ်လောက် အဲ့ဒီမြို့လေးကို ချစ်လဲဆို ကျွန်တော့် နောက်ဆုံးဝင်သက်မှာ ရှုသွင်းလိုက်တဲ့ လေဟာ အဲ့ဒီမြို့ရဲ့လေအေးအေးလေပဲ ဖြစ်ချင်တယ်။

(ဘာမှန်းမသိတဲ့ ကျွန်တော့် Post ကို ဖတ်ပြီး အားလုံးနားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။ =P)