ဟိုတစ်နေ့က Module တစ်ခုအတွက် စာမေးပွဲ ဖြေရတယ်။ ဖြေရတဲ့ပုံစံက ဆရာမက Scenario တစ်ခုပေးတယ်။ အဲ့ဒီ Scenario မှာ လူ၄ယောက်ပါတယ်။ အဲ့ဒီ လူ၄ယောက်က ဆရာမရယ်၊ ကျွန်တော့် Classmate နှစ်ယောက်ရယ်၊ ကျွန်တော်ရယ်ပေါ့။ Scenario အရ ကျွန်တော်တို့ က စင်္ကာပူအထက်တန်းပြဆရာတွေ။ ကျွန်တော်တို့အနေနဲ့ ထိန်းရခက်တဲ့ ကျောင်းသားတွေကို ဘယ်လိုပုံပြောင်းမလဲဆိုတာ Workshop လုပ်တာပါ။

ဆရာမက ကျွန်တော်တို့ရဲ့ စကားပြောပုံ၊ နားထောင်ပုံ၊ ကိုယ်ဟန်အမူအရာ အဲ့တာတွေကို ကြည့်မှာပါ။ အဲ့တော့ ဆရာမက စပြောပါတယ်။ သူကတော့ဖြင့် (ကျွန်တော်မသိတဲ့) ကျောင်းတစ်ကျောင်းကပေါ့လေ။ သူ့မှာ အင်မတန်ဆိုးတဲ့ ကျောင်းသားတွေ ရှိတယ်တဲ့။ အရမ်းကို ဆိုးတယ်တဲ့ လူဆိုးလေးတွေပေါ့။ သူဘယ်လိုလုပ်ရမလဲတဲ့။ ကျွန်တော်တို့မှာရော အဲ့လို ကျောင်းသားလေးတွေ ရှိလားတဲ့။

တစ်ယောက်က စပြောတယ်။ သူကတော့ နောက်တစ်ကျောင်းကပေါ့။ သူ့ရဲ့ ကျောင်းသားတွေကတော့ ခပ်မာမာနဲ့ ဂရုမစိုက်တတ်တဲ့ ပုဂ္ဂိုလ်တွေတဲ့။ ဒါပေမယ့် သူက သူ့ကျောင်းသားတွေကို အော်လေ့၊ ဆူလေ့ မရှိပါဘူးတဲ့ဗျာ။ အဲ့လိုလုပ်ရင် ပိုဆိုးသွားနိုင်တယ်တဲ့။

နောက်တစ်ယောက်ပြောတာကတော့ အဆန်းပါ။ (စကားမစပ်၊ သူက Creative Media Design ဆိုတဲ့ Course ကပါ။) သူကကျတော့ သူဟာ အနုပညာကျောင်းတစ်ခုမှာ သင်နေတာပါတဲ့။ သူ့ကျောင်းကကျောင်းသားတွေမှာ စည်းကမ်းဆိုတာ မရှိဘူး။ လွပ်လပ်တဲ့ အတွေးအခေါ်အတွက် လွပ်လပ်တဲ့ မူဘောင်မဲ့ ဝန်းကျင်ကို ပိုကြိုက်ကြတယ်တဲ့။ သူပြောတာတွေထဲမှာ အိမ်သာထဲ ဆေးလိပ်သောက်လို့ သူမိတာလဲ ပါပါတယ်။ (သူ့ပုံကြည့်ရတာ သူကြုံခဲ့ရတဲ့ ကိစ္စတစ်ခုကို ပြန်ပြောပြနေသလိုပဲ။ အတိအကျနိုင်ပါတယ်။) ဆရာမက သူ့ကို မေးတယ်။ သူတို့ကို ဘယ်လို အပစ်ပေးလဲတဲ့။ အတတ်နိုင်ဆုံး လိုက်လျောပြီး မတတ်နိုင်ရင် (တိုင်စာတွေ များလာရင်) ကျောင်းထုတ်လိုက်ပါတယ်တဲ့။ (ကောင်းပါ၏။)

နောက်ဆုံး ကျွန်တော်ပြောပါတယ်။ ခက်တာက ကျောင်းစဉ်းစားရတာပါ။ ကိုယ်က ဒီမှာ အထက်တန်းကျောင်းလည်း မတတ်ဖူးတော့ စဉ်းစားရ ခက်ပါတယ်။ ဒါပေမယ့် ရင်းရင်းနှီးနှီးကြားဖူးနေတဲ့ ကျောင်းရှိပါတယ်။ Queensway Secondary School ပါ။ ကျွန်တော် ကိုယ့်ဟာကိုယ် ပထဝီသင်ခိုင်းလိုက်ပါတယ်။ ကိုယ့် ပြဿနာကျတော့ သူများနဲ့ မတူအောင် ကျောင်းသားတွေကို စာတော်ခိုင်းလိုက်ပါတယ်။ စာတော်ပြီး တစ်ယောက်နဲ့ တစ်ယောက်မတည့်တဲ့၊ အချင်းချင်းလေးစားမှု မရှိတဲ့ပုံစံကို သရုပ်ပေါ်အောင် ပြောပြပါတယ်။

ဆရာမက မေးပါတယ်။ သူတို့ကို ဘယ်လို ကိုင်တွယ်လဲတဲ့။ ကျွန်တော် ဖတ်ခဲ့ဖူးတဲ့ စိတ်သုတေသနတစ်ခုကို ပြန်သတိရပါတယ်။ အဲ့တာကတော့ ဆယ်ကျော်သက်တွေဟာ ထိန်းချုပ်ခံရတာကို မကြိုက်တဲ့ ပုံစံတွေ ရှိနေပေမယ့်လဲ သူတို့ရဲ့ အတွင်းစိတ်က သူတို့လွှတ်ပေးထားတာ၊ လွတ်လပ်ခွင့်ပေးထားတာကို လုံးဝမကြိုက်ပါဘူး။ ထိန်းချုပ်ထားတာ၊ ကန့်သတ်ထားတာကိုပဲ ပိုကြိုက်တတ်ကြတယ်တဲ့။

အဲ့တော့လည်း ကျွန်တော်ဖတ်ဖူးတဲ့ ကိစ္စကို ပြောပြီး ကျွန်တော် အရမ်းထိန်းချုပ်တာမျိုး လုပ်လေ့မရှိကြောင်း၊ အချင်းချင်း လေးစားဖို့လိုကြောင်း ရှင်းပြတယ်လို့ ဆရာမကို ပြောပြတယ်။

အဲ့တော့ ဘာဖြစ်လဲဆိုတော့ သုံးယောက်က သုံးမျိုးပြောနေတော့ ဆရာမက စိတ်ညစ်သွားပြီး ကဲ ဘယ်လို နိဂုံးချုပ်မလဲတဲ့။ ကျွန်တော်လည်း ကူနိဂုံးချုပ်လိုက်ပါတယ်။ ကျွန်တော်တို့ ကျောင်းသားပေါ်မူတည်ပြီး ကြည့်က ရမယ်လို့။

Role Play လည်းပြီးရော ဆရာမကပြောပါတယ်။ ကျွန်တော်တို့ အဖွဲ့ ကိုယ်ဟန်အမူအရာထက် ပြောနေတဲ့ စကားပေါ် အာရုံပြုပြီး တစ်ယောက်စကား တစ်ယောက် အမှားမခံ ပြောသွားတယ်တဲ့။

ဘာတွေဖြစ်မလဲတော့ မသိ။ ၃ ပတ်ကြာမှ အဖြေသိရမယ်။ =)