စင်္ကာပူမှာ စည်းကမ်းလေးတစ်ခုရှိတယ်။ စင်္ကာပူမှာ စက်လှေကားစီးရင် ဘယ်ဘက်ကပ်စီးရပါတယ်။ အလျင်လိုနေတဲ့လူ ကျော်တက်ချင်တဲ့ လူရှိရင် ညာဘက်ကနေကျော်တက်နိုင်အောင် ရှင်းပေးထားရပါတယ်။ ဒီနေ့မနက် MRT ရောက်တော့ ရထားအဝင် အချိန်စာရင်းကို လှမ်းကြည့်လိုက်တာ နောက်တစ်မိနစ်တဲ့။ ကိုယ်တက်သွားမှာနဲ့ ဆို အတော်ပဲပေါ့။ ကျောင်းကလည်း နည်းနည်းနောက်ကျနေတော့ :P ဒီရထားမမှီရင် နောက်ရထားကို ၄မိနစ်လား၊ ၅မိနစ်လားမသိဘူး စောင့်ရမယ်။

အဲ့လိုမစောင့်ချင်လို့ မြန်မြန်ပြေးတက်ခါမှ အသက်ခပ်ကြီးကြီး အမျိုးသမီးနှစ်ယောက်က ဘေးချင်းယှဉ်ပြီး Talkie ပွားနေတယ်။ ကျွန်တော်လဲ Excuse ကို သုံးခေါက် လောက် Me ပါတယ်။ လေးခေါက်မြောက်ကျတော့ အသံတော်တော်တောင်ကျယ်နေပါပြီ။ (အမှန်ကတော့ သူတို့ကို ပြောနေရတာနဲ့ စက်လှေကားအပေါ်တောင်ရောက်တော့ပါမယ်။) ၄ခေါက် မြောက်လည်းကျရော ကြားသွားပါတယ်။ ပုံမှန်ဆို (ကျွန်တော်တို့ အဲ့လိုမှားရင်) တောင်းပန်ပြီး ဘယ်ဘက်ကို ချက်ချင်းကပ်ပေးပါတယ်။ သူတို့ကတော့ အဆန်းပါ။ ကျွန်တော်ကို နှစ်ယောက်နည်းနည်းခွာပြီး သူတို့အလယ်ကနေ သွားခိုင်းပါတယ်။ Laptop ထည့်ထားတဲ့ ကျွန်တော် လွယ်အိပ်က မကြီးရင်တောင် မသေးပါဘူး။ ကို့ရို့ကားယားနဲ့ သူတို့ကြားကနေ ရအောင်ပြေးတက်လာရပါတယ်။ (မတက်နိုင်ဘူးလေ။ ကိုယ်က လမ်းတောင်းပြီးပြီကို။)

အပေါ်ရောက်တော့ တံခါးကဖွင့်နေပါသေးတယ်။ ရထားပေါ်တက်ပြီးတာနဲ့ တံခါးက ပြန်စေ့နေပါပြီ။ အဲ့တော့မှ အခုနက အမျိုးသမီးနှစ်ပါးက အပြေးအလွှားနဲ့ ဝင်ဖို့ လုပ်ပါတယ်။ တံခါးက ပိတ်ပြီးမှ ပြန်ဖွင့်ပေးပါတယ်။ (သူတို့နှစ်ယောက်ကြောင့်လား။ တခြားလူကြောင့်လားတော့ မသိပါဘူး။ ) နောက်ဆုံးတော့လည်း ရထားပေါ်ရောက်လာပါတယ်။ ကျွန်တော်တို့နဲ့အတူ စီးလာလေရဲ့…

ထားပါတော့လေ။ စကားမစပ်… ဒီစာကို ရုပ်ရှင်ရုံမှာ ရေးနေတာပါ။ Free Wireless Access ရပါတယ်။ :P Dhoby Ghout က The Cathay Cineplex မှာပါ။ Blood Diamond ကြည့်မလို့ပါ။

ကဲ ရုံထဲဝင်တော့မယ်။ အားလုံးပဲ… တာ့တာပါ။ :)