အလွမ်းတွေ ရှိထားကြောင်း
“ပန်းဝေ” သိလား မေးချင်တယ်။
လမ်းတွေ့ရင် ခေါ်ခွင့်မပိုင်ပါဘူး။
ကျွမ်းမြေ့ရှင် မျှော်လင့်နိုင်မှာလားရယ်လို့
ခိုးဝှက်ကာ အကြည့်ပုန်းတွေနဲ့
တိုးရှက်ရာ မချိဆုံးပါပဲ
ငြိထုံးလာ အလွမ်းတွေဝေတော့
“ပန်းဝေ” သိမယ်။

ကိုယ့်မျက်ရည် ကိုယ်မတွေ့ရှာဘူးတဲ့။
ညှိုးချက်တွေ အငိုဝေ့ပါရင်
ကမ္ဘာချဉ်းအောင် ပန်းတော်ပွင့်မယ်။
သခင့်အတွက် ပန်းတွေရယ်
နွမ်းလေတယ် ကျွန်တော်မျက်ဖြေဘူး။
(အော်… တို့ဘဝက)
တမ်းပြေတယ်နော် မျက်ရည်ဦး။

နှောင်တွယ်တာ ခက်တာပဲ ပန်းရယ်လို့
ရှောင်ဖယ်ကာ မျက်နှာလွှဲစမ်းချင်တာပေါ့။
ကျောင်းခန်းဆီ ခြေလှမ်းတွေ အရောက်ယူဆဲမှာပဲ။
တစ်ယောက်သူ နောက်လူတွေ့နေနှင့်ပြီမို့
ရင်နင့်စွာ ကျွန်တော်ချစ်ပေမယ့်
မြင်ခွင့်မှာ အဖော်သစ်တွေနဲ့
“ပန်းဝေရယ်” (တို့လေ…) မခေါ်ဖြစ်ပါဘူး။

(သူငယ်ချင်း ဖြိုးသီဟအောင် ရဲ့ မှတ်စုစာအုပ်ကနေ ကူးယူတာပါ။ ဘယ်သူရေးတာလဲ မသိတော့သလို၊ ကဗျာရဲ့ ခေါင်းစဉ်လဲ မသိတော့လို့ သင့်တော်တာလေး ပေးထားပါတယ်။)