ကျွန်တော် ဒီနေ့ ဝေယံလင်းနဲ့ California မှာသွားတွေ့ပြီး Taxi စီး အိမ်ပြန်လာတယ်။ ကားပေါ်မှာ ဆရာသမားနဲ့ စကားပြောတော့ သူက ယာဉ်တိုက်မှုတစ်ခုအကြောင်း ပြောပြတယ်။ ၃၁ ဂိတ်မှာ လူနှစ်ယောက်ကို တိုက်သတ်သွားသတဲ့။ (ကားကတော့ မောင်းပြေးသွားတယ်။)

ကိုယ်လည်း သူဘာကို ပြောနေမှန်း မသိတော့ ပြောရတာပေါ့။ “မိုက်ရိုင်းလိုက်တာ။ လူ့အသက်တန်ဖိုး မထားဘူး” ဘာညာပေါ့။ အဲ့ဒီတော့ သူက စိတ်ရှုပ်သွားပုံ ရတယ်။

“ဟ မင်းအဲ့ဒီလို မပြောနဲ့လေ။ မင်းကလည်း လူတစ်ယောက်တိုက်မိရင် ရေလည် ပြသနာများတာ။ ကားသမားတိုင်း အဲ့တာတော့ ရှောင်တယ် ဟေ့ကောင်” တဲ့။ အဲ့ဒီတော့မှ သူဘာကို ဆိုလိုချင်လည်း သဘောပေါက်တယ်။ ကျွန်တော်လည်း အသုံးမကျတာ။ Taxi ဆရာကိုမှ … စကားမှားပြောတာ… ပြန်ဖြည်ရတယ်…။

“ဟုတ်တာပေါ့ဗျာ။ ဒီမှာ လူတိုက်မိရင် ပြစ်ဒဏ်က အရမ်းပြင်းထန်တာ။ တချို့ လူတွေက အဲ့ဒီအားကိုးနဲ့ တိုက်ရဲတိုက်ကြည့် ဆိုပြီး သိပ်စည်းကမ်းမရှိချင်ကြဘူး” ဆိုပြီး သူ့ဘက်က ပြန်ပြောပေးရတာပေါ့။… ဟူး…

အဲ့ဒီတော့မှ နည်းနည်း ကြည်ကြည်သာသာနဲ့ “အေးကွာ၊ ငါလည်း ဘီယာလေးနဲ့ *ကြက်ဥချောင်းကင်လေး* ၁ကင် ၃၀ဝ နဲ့ ၃ကင်ဝယ်စားနေတာ.. အဲ့ဒီအလောင်းတွေ မြင်လိုက်တော့ စည်းစိမ်တောင် ပျက်သွားတယ်” ဆိုပြီး ညည်းနေလေရဲ့။

မှတ်ချက်။ ။ဒီစာကို ရန်ကုန်မှာ ရေးပြီးတင်တယ်။