mastodon

ဘာသာစကားအသစ်တွေ သင်ကြားဖို့ ဝဗ်ဆိုက်ပေါင်း (၂၀)

October 02, 2015
  1. Duolingo.com – Duolingo မှ ဘာသာစကားပေါင်း (၆) မျိုး၏ သဒ္ဒါနှင့် ဝေါဟာရများကို သင်ယူနိုင်ပါသည်။ အမှတ်များရယူ၍ သင်ခန်းစာအဆင့်ဆင့်အား တက်လှမ်းသင်ယူနိုင်သည်။
  2. Memrise.com – ထပ်ခါတလဲလဲ လေ့ကျင့်ခြင်းဖြင့် ဝေါဟာရအသစ်များ သင်ယူနိုင်သည်။
  3. Anki – ထောင်ပေါင်းများစွာသော မှတ်ဉာဏ်ကဒ်ပြားလေးများသုံး၍ ဘာသာစကားသင်ကြားနိုင်သည်။
  4. BBC Languages – BBC ၏ သဒ္ဒါ၊ ဝေါဟာရ၊ ကစားနည်းများ၊ အစမ်းစစ်ဆေးခြင်းများ ပါဝင်သော သင်ခန်းစာ အစီအစဉ်များ။
  5. Livemocha.com – ဘာသာစကား ၃၅ မျိုးသင်ကြားနိုင်မည့် အွန်လိုင်းသင်ရိုးများ။
  6. Lang-8.com – မိမိသင်ယူနေသည့် ဘာသာစကားအသစ်မှ မိမိအမှားများအား မိခင်ဘာသာစကားအြဖစ် ပြောဆိုနေသူများမှ ပြင်ဆင်ပေးမည့် နေရာ။
  7. Babbel.com – မှန်ကန်သည့် ဘာသာပြန်ဆိုမှုအား ရွေးချယ်ခြင်းဖြင့် ဘာသာစကားများအား သင်ယူခြင်း အစီအစဉ်။
  8. Lingocracy.com – မိမိဖတ်ရှုလိုသည့် အကြာင်းအရာအား ရွေးခြယ်၍ ချက်ချင်းလက်ငင်း ဘာသာပြန်ဆိုမှုများ၊ အဓိပ္ပါယ်ဖွင့်ဆိုမှုများအား ရယူပါ။
  9. Babadum.com – ဝေါဟာရ ပဟေဠိ ကစားနည်း။
  10. InternetPolyglot.com – ဘာသာစကားသင်ယူခြင်းဆိုင်ရာ သင်ခန်းစာများနှင့် ကစားနည်းများ။
  11. Verbling.com – အခြားသူတစ်ယောက်အား ဘာသာစကားတစ်ခု သင်ကြားပေးခြင်းဖြင့် မိမိလည်း တစ်ခု သင်ယူပါ။
  12. Interpals.net – နိုင်ငံရပ်ခြားမှ ကလောင်မိတ်ဆွေ တစ်ယောက်ရှာဖွေပြီး သူ၏ ဘာသာစကားအား သင်ယူပါ။
  13. SharedTalk.com – ဘာသာစကားဖလှယ်ခြင်းအား တစိုက်မတ်မတ် လုပ်ကိုင်နေသော ကမ္ဘာအရပ်ရပ်မှ လူများပါဝင်သည့် လူ့အဖွဲ့အစည်း။
  14. Coffeestrap.com – လူတွေနဲ့တွေ့ဆုံပြီး ဘာသာစကားကို သင်ယူခြင်း။
  15. FSI Language Courses – အမေရိကန်ပြည်ထောင်စု အစိုးရမှ ပြုစုထားသည့် မည်သူမဆို လွတ်လပ်စွာ ရယူသုံးစွဲနိုင်သော သင်ခန်းစာများ ဖြစ်သည်။ စာသားများအား ဒေါင်းလုပ်ဆွဲယူ၍ အသံထွက်တိတ်ခွေ၏ နောက်မှ လိုက်လံပြောဆိုခြင်းဖြင့် သင်ယူရသည့် ပုံစံဖြစ်သည်။
  16. GreatLanguageGame.com – ဘာသာစကား (၈) ခုအနက်မှ မည်သည့်ဘာသာစကားလဲ ခန့်မှန်းရွေးခြယ်ရသည့် ကစားနည်း။
  17. Forvo.com – ဘာသာစကားပေါင်း မြောက်မြားစွာတို့၏ ထောင်သောင်းမကသော ဝေါဟာရအသီးသီး၏ အသံထွက်များ နားဆင်ရန်။
  18. LyrnLang.com – သီချင်းများ နားဆင်လျက် သီချင်းစာသားများအား မည်သို့ ဘာသာပြန်ဆိုရမည်ကို လေ့လာခြင်းဖြင့် စကားလုံးများ၊ စကားစုများ သင်ယူနိုင်မည့် ပုံစံ။
  19. Lernu.net – အပြည်ပြည်ဆိုင်ရာ ဘာသာစကားတစ်ခုဖြစ်သည့် အတ်စ်ပါရန်တို နှင့်ပတ်သက်သည့် အချက်အလက်များနှင့် အခမဲ့သင်ခန်းစာပို့ချချက်များ။
  20. Chineasy.org – တရုတ်ဘာသာစကား သင်ယူနိုင်မည့် သင်ခန်းစာများနှင့် တခြားအရင်းအမြစ်များ။
Profile picture
Written/Curated by Thant Zin Oo
← Back to Blog