mastodon

ရင်ခုန်သံ (၃) မျိုး

July 27, 2009

ဆေးပညာအရ ရင်ခုန်သံ (၃) မျိုး ရှိတယ်လို့ မှတ်သားရဖူးပါတယ်။

Regular: ပုံမှန် နှလုံးခုန်သံပါ။ ဒုတ်ဒုတ်… ဒုတ်ဒုတ် ပေါ့။

Regularly Irregular: ပုံမှန်ခုန်နေတာ မဟုတ်ပေမယ့် စည်းချက်တော့ ကျနေပါတယ်။ ဥပမာ။ ။ ဒုတ်ဒုတ်ဒုတ်… ဒုတ်ဒုတ်ဒုတ် ဆိုတာမျိုး ဖြစ်ပါလိမ့်မယ်။

Irregularly Irregular: ပုံမှန်မဟုတ် စည်းချက် မကျနဲ့ ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ နှလုံးခုန်သံပါ။ ဥပမာ မပေးတော့ပါဘူး။

Irregularly Regular ဆိုတာတော့ မရှိဘူးလို့ မှတ်သားဖူးပါတယ်။

Profile picture
Written/Curated by Thant Zin Oo
← Back to Blog