mastodon

တစ်နှစ်စာ မှတ်သားဖွယ်ရာ (၅၂) ခု

December 16, 2019

Tom Whitwell ဆိုတဲ့ journalist/blogger ဟာ နှစ်ကုန်ခါနီးဆို.. ဒီတစ်နှစ်လုံး သူ ဖတ်ခဲ့ရတဲ့ စိတ်ဝင်စားစရာ အကြောင်းအရာ ၅၂ ခုကို အနှစ်ချုပ်စာရင်းအနေနဲ့ မူရင်းလင့်ခ်အပါ ပြန်မျှဝေလေ့ရှိပါတယ်။

ဒါကတော့အဲ့ထဲက ကောက်နှုတ်ထားတာ တချို့ဖြစ်ပြီး သူ့ရဲ့မူရင်းစာရင်းကို အောက်ဆုံးမှာ ပေးထားပါတယ်။

၃။ Emojis တွေရဲ့ သဘောသဘာဝကို တရားရုံးတွေမှာ အရင်ကထက် အဓိပ္ပါယ်ဖွင့်ဆိုဖို့ ဖြစ်လာခဲ့တယ်။

၈။ တစ်နှစ်တစ်နှစ်ကို အရက်မူးပြီး အော်န်လိုင်းရှော်ပင်လုပ်တဲ့ ငွေကြေးပမာဏဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၅၀၀ ရှိပြီး အဲ့လို ရှော်ပင်လုပ်တဲ့ ၆ ရာနှုန်းကပဲ သူတို့ဝယ်ယူခဲ့မှုကို နောင်တရကြတယ်။

၂၄။ မှိုတွေဟာ ဗီဇသဘောရ အပင်တွေထက် လူတွေနဲ့ ပိုနီးစပ်ပါတယ်။

၂၉။ အမေရိကန်က ကျောင်းသား ၃ သန်းဟာ အိမ်မှာ အင်တာနက် မရှိ။

၃၂။ ၂၀၁၈ မှာ နိုင်ဂျီရီးယားအစိုးရဟာ ကျန်းမာရေး၊ ပညာရေးနဲ့ ကာကွယ်ရေး ထက်ပိုပြီး ဓာတ်ဆီအတွက် ပိုက်ဆံပိုသုံးခဲ့တယ်။

၃၃။ အမျိုးသမီးတွေဟာ အိမ်သာတက်ဖို့ လုံခြုံစိတ်ချတဲ့နေရာတစ်ခု ရှာဖွေဖို့အတွက် တစ်နှစ်မှာ နာရီသန်းပေါင်း ၉၇၀၀ သုံးပါတယ်။ အဲ့တာဟာ လူ ၄၆ သန်း အလုပ် တစ်နှစ်လုပ်ချိန်နဲ့ ညီမျှပါတယ်တဲ့။ အဲ့ဒီပမာဏဟာ ဂျာမဏီနိုင်ငံရဲ့ အလုပ်လုပ်နိုင်စွမ်းနဲ့ ညီပါတယ်။ ဂျာမဏီဟာ ကမ္ဘာ့ စတုတ္ထ စီးပွားရေးအင်အား အကြီးဆုံး နိုင်ငံပါ။

၃၇။ ကမ္ဘာ့ရေမွှေးစျေးကွက်ဟာ ကမ္ဘာ့ အလှအပပစ္စည်းနဲ့ အသားအရေထိန်းသိမ်းရေးပစ္စည်းစျေးကွက်နောက်မှာ ပြတ်ကျန်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဆယ်လ်ဖီတစ်ခုကို ရှူကြည့်လို့မရလို့ပါ။

၄၄။ မျက်မမြင်တချို့ဟာ မျက်စိမြင်တဲ့လူတွေ နားလည်တဲ့ အမြန်ဆုံးစကားထက် ၃ဆ မြန်တဲ့ စကားကို နားလည်နိုင်တယ်။

၄၆။ Severely Deficient Autobiographical Memory - ပုံမှန်ကျန်းမာသန်စွမ်းနေတဲ့လူတစ်ယောက်က ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတချို့ကို လုံးဝမမှတ်မိတော့တဲ့ ရှားပါးရောဂါ။ Highly Superior Autobiographical Memory - ကိုယ့်ဘဝရဲ့ အသေးစိတ်အကြောင်းအရာ ကိစ္စရပ်တိုင်းကို မှတ်မိနေတာ။

၄၈။ ၂၀၁၂ မှာ ကမ္ဘာမှာ မန်ယူအသင်းတစ်ခုပဲ ဒေါ်လာ သန်း ၂၀၀၀ မက တန်တယ်။ အခုတော့ အဲ့လောက်တန်တဲ့ အားကစားအသင်း ၅၂ ခု ရှိနေပြီ။

−−−

နှစ်သစ်မှာ blog စရေး/ပြန်ရေးကြပါ လို့ အားလုံးကို တိုက်တွန်းပါတယ်။ ကိုယ့်စိတ်ကူးတွေ၊ အတွေးအမြင်တွေ၊ ဥာဏ်ကွန့်မြူးမှု၊ အတွေ့အကြုံတွေကို ဒီ closed system ကြီးထဲမှာပဲ မထားပါနဲ့။ အပြင်ထုတ်ပေးကြပါ။

အလွယ်ဆုံးအနေနဲ့ https://wordpess.com နဲ့ စပါ။

Profile picture
Written/Curated by Thant Zin Oo
← Back to Blog