mastodon

လူတွေအကြောင်း (၁)

September 22, 2006

ဖြစ်စဉ် (၁)

စားသောက်ဆိုင်တစ်ဆိုင်။ ကျွန်တော့်မိသားစုနဲ့ တစ်ဖက်မိသားစု စကားပြောရင်း ညစားစာနေကြတယ်။ တစ်တန်းအရွယ် သူတို့သမီးလေးကို ကျွန်တော်က "Polo" Shirt တံဆိပ်လေးကို ပြပြီး ညီမလေး ဒါဘာလဲဆိုတော့ သူက ပြောတယ် "မြင်း" တဲ့။ ကျွန်တော် ထပ်မေးတယ်။ မြင်းပေါ်မှာ ဘာရှိလဲဆိုတော့ သူက မှန်မှန်ကန်ကန်ပဲ လူလို့ ဖြေတယ်။ လူက ဘာကိုင်ထားတာလဲလို့ မေးတော့ သူက သွက်သွက်လက်လက် ပြန်ဖြေတယ်။

"ပုဆိန်" တဲ့။

ဖြစ်စဉ် (၂)

ဆေးရုံတစ်ရုံမှာ။ Nurse က အဖွားကြီး တစ်ယောက်ကို မေးတယ်။ ဆီးချိုရှိလားဆိုတော့ အဖွားကြီးက ပြန်ဖြေတယ်။ "မလျက်ဖူးဘူး" တဲ့။

ဖြစ်စဉ် (၃)

ဆေးရုံမှာပင်ဖြစ်သည်။ Nurse က လူနာအား အရင်က ဆေးရုံတက်ဖူးလား မေးသည်။ လူနာက ပြန်ဖြေသည်။

"တက်ဖူးတာပေါ့။ စလောင်း ၂ ခုတောင် ချိတ်ဖူးတယ်" ဟု။ (Saline ကို ရည်ရွယ်ပြီး ပြောတာပါ။)

Profile picture
Written/Curated by Thant Zin Oo
← Back to Blog