mastodon

Channel 5

November 04, 2006

စင်္ကာပူက သိကြတဲ့အတိုင်းပဲ ဘာသာစကား(၄)မျိုးသုံးပါတယ်။ English, Chinese (Mandrin), Malay နဲ့ Tamil ပါ။ English ကတော့ ဘုံဘာသာစကားပေါ့။ ဒါပေမယ့် တရုတ်က လူပြောအများဆုံး ဘာသာစကား ဖြစ်ပါလိမ့်မယ်။

Channel 5 က စင်္ကာပူရဲ့ Free-to-Air Channel တစ်ခုပေါ့။ နောက်ဆုံးအနေနဲ့ တခြားဘာသာစကားနဲ့ ပြောနေရင်တောင် English Subtitile ထိုးပေးပါတယ်။

အတန်းထဲမှာ ကျွန်တော်တို့ရဲ့ တရုတ်သူငယ်ချင်းတွေ သူတို့အချင်းချင်း တရုတ်လိုပြောနေလို့ ကျွန်တော်တို့ အူကြောင်ကြောင်ဖြစ်သွားရင်… အချင်းချင်း “Please, Channel 5!” လို့ သတိပေးလေ့ရှိတယ်။ အင်္ဂလိပ်လို ပြောကြရအောင်ပေါ့။ မဆိုးပါဘူး။ တချို့ ယဉ်ကျေးကြပါတယ်။ =)

Profile picture
Written/Curated by Thant Zin Oo
← Back to Blog