mastodon

မိတ္တဗလဋီကာ

May 16, 2007

Dale Carnegie ရေးတဲ့ ဒီ Bestseller စာအုပ်ကို မြန်မာ့ဝန်ကြီးချုပ်ဟောင်း ဦးနုက “မိတ္တဗလဋီကာ” ဆိုတဲ့ နာမည်နဲ့ ဘာသာပြန်ခဲ့ပါတယ်။ အခုထိတော့ ဖတ်လို့မပြီးသေးပါဘူး။ ဒီစာကြောင်းလေးတွေကတော့ ကြိုက်လို့ အားလုံးနဲ့ ပြန် Share တာပါ။

– မည်သူမဆို ဒေါသထွက်လာလျှင် စကားပြောကောင်း ဖြစ်နိုင်သည် ဟု Dale Carnegie က အတိအကျ ဆို၏။

– US မှ Professor John Dewey က လူတို့တွင် အပြင်းပြဆုံးသော စိတ်သည် မိမိကိုယ်ကို အထင်ကြီးသောစိတ်ပင် ဖြစ်သည်ဟု ပြောလေသည်။

– အခြားလူတစ်ဦးကို ကိုယ့်ဘက်ပါအောင် ဆွဲရန်အတွက် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော နည်းလမ်းသည် ထိုလူ အလိုရှိသော အရာကို ပြော၍ ထိုအရာကို ရအောင် ဘယ်လိုလုပ်ရမည်ကို ပြခြင်းပင် ဖြစ်သည်။

– တွင်ကျယ်ချင်သောစိ်တ်သည် လူတို့တွင် ရှိသည့် အခြားသောစိတ်များကို လွှမ်းမိုးနေသောစိတ် ဖြစ်သည်။

– ကျွန်ုပ်တို့၌ အလွန်ကောင်းသော အကြံတစ်ခုရရှိလျှင် တစ်ဖက်သားအား ထိုအကြံသည် ကျွန်ုပ်တို့၏ အကြံဖြစ်သည်ဟု သိစေမည့်အစား ထိုအကြံကို သူ့ထံမှရသည် ဟူသော အနေမျိုးရောက်အောင် အဘယ်ကြောင့် မလုပ်ရမည်နည်း။

Profile picture
Written/Curated by Thant Zin Oo
← Back to Blog