mastodon

iPhone: You had me at scrolling

January 10, 2007

ကဲ Apple က iPhone ကို မနေ့က Public ကို ချပြလိုက်ပါပြီ။ မြင်ရသူတိုင်း ပါးစပ်အဟောင်းသား (Jaw-drop) ပေါ့။ အံ့မခန်း (တကယ့်ကို အံ့မခန်း) စွမ်းဆောင်ရည်တွေနဲ့ ဒီဖုန်းကို မြင်လိုက်သူတိုင်းကလဲ ဒီဖုန်းဟာ ထွက်ချင်းထွက် နောက်ငါးနှစ်လောက်မှာမှ ထွက်လာနိုင်မယ်လို့ ယုံကြည်ထားကြတာပါ။ Apple ရဲ့ ဖခင် Steve Jobs ကလည်း အဲ့လိုပဲ ပြောပါတယ်။ ငါးနှစ်ကြိုထွက်လာတဲ့ ဖုန်းပါတဲ့။ iPod ရယ်၊ ဖုန်းရယ်၊ Internet Browser ရယ် သုံးမျိုး အပ်ကြောင်းမဲ့ ရောစပ်ထားတဲ့ ဒီပစ္စည်းလေးက ၂၀၀၇ ခုနှစ်ရဲ့ လူကြိုက်အများဆုံး ပစ္စည်း ဖြစ်လာဖို့ အခွင့်အလမ်း သိပ်များပါတယ်။

4 GB ကို အမေရိကန်ဒေါ်လာ ၄၉၉ နဲ့ 8 GB ကို အမေရိကန်ဒေါ်လာ ၅၉၉ နဲ့ရောင်းပါမယ်တဲ့။

Profile picture
Written/Curated by Thant Zin Oo
← Back to Blog