mastodon

လမ်းနာမည်ရှည်ရှည်များ

November 01, 2019

FMI City နားက လမ်းနာမည် ခပ်ရှည်ရှည်တွေကို အစ်ကိုတစ်ယောက် ရှဲထားတာ...

  • လှေသင်းအတွင်းဝန်ဦးချိန်လမ်း
  • တွင်းသင်းတိုက်ဝန်ဦးထွန်းညိုလမ်း (ဒါတောင် ဦးထွန်းညိုက မဟာစည်သူဘွဲ့ရ။ ဘွဲ့နာမည် မထည့်လိုက်တာ တော်သေးတယ်။)

အဲ့အောက်မှာ သူ့သူငယ်ချင်းရဲ့ ကောမန့်လေးတစ်ခုက သဘောကျစရာ ကောင်းတယ်။ အဲ့လမ်းမှာနေတဲ့ လူတွေ ကိုယ့်လိပ်စာ ဖောင်မှာ ဖြည့်ရရင် မလွယ်ဘူးတဲ့။ အဟုတ်ပဲ အင်တာနက်မှာဆို စာလုံးရေး အကန့်အသတ် ရှိနိုင်တယ်။ White Card တွေ ဘာတွေ ဖြည့်ရလဲ မလွယ်ဘူး။

အဲ့နားတစ်ဝိုက်လှည့်ပတ်ကြည့်တော့ အဲ့နားက လမ်းနာမည်တွေက ခပ်တိုတိုရှားတယ်။

  • မက္ခရာမင်းသားကြီးမောင်ပျိုလမ်း
  • မင်းကြီးမဟာမင်းခေါင်လမ်း
  • ဒီပဲရင်းဝန်ထောက်ဦးမြဲလမ်း
  • ပန်းတဉ်းဝန်ဦးရွှေပင်လမ်း
  • မြတောင်ဝန်ကြီးဦးမှိုလမ်း
  • မြင်းဝန်ဦးအောင်သူလမ်း
  • ဗန်းမော်အတွင်းဝန်လမ်း
  • သံချက်ဝန်ဦးညွန့်လမ်း
  • မင်းသိဒ္ဓိကျော်စွာလမ်း

ဆိုပြီးတွေ့ရတယ်။ မိုက်ပါ့။

Profile picture
Written/Curated by Thant Zin Oo
← Back to Blog