mastodon

အချစ်သီချင်း

February 08, 2007

လူတွေလွမ်းဆွေးတွေးငေးပြေး ဟိုအဝေး…

ဒါပေမယ့်လည်း အချစ်နဲ့ကင်းကိုမကင်းနိုင်တော့လည်း စိတ်တွေလေး

ပူပန်သောက ပူလောင်ဒေါသ မောရတဲ့နေ့တွေဆိုတာ

အချစ်နဲ့တွေ့တဲ့ လူတွေအတွက်တော့ သံသရာတစ်လျှောက်မှာ ရေတွက်လို့မရ

မာနတွေခဝါချပြီး အချစ်ရဲ့အောက်မှာ ဒူးတွေထောက်ကြ

ပေးဆပ်ရ ဒီဘဝ အချစ်ကြောင့်ပဲစိတ်တွေပြောင်းသွား

အချစ်စိတ်အရာအားလုုံးကို ထိန်းချုပ်ထား

ဒီစိတ်နဲ့စား ဒီစိတ်နဲ့သွား ဒီစိတ်နဲ့အသက်ဆက်ရှင်နေရပါလား

အချစ်ကြောင့်ရူး အချစ်ကြောင့်မူး သီချင်းတွေလည်းရေးခဲ့ဖူးတယ်

အချစ်ဒုက္ခ အချစ်မရှိမှ တစ်ယောက်ထဲပဲဝမ်းနည်းခဲ့ရ

အချစ်ရဲ့အဝေး ကိုယ်ထွက်ပြေး တစ်ခါတစ်လေတော့လည်း စိတ်ညစ်ဖူးတယ်

အချစ်နာကျ အချစ်ဒါဏ်များ မခံနိုင်တော့လည်း အရှုံးပေးဦးမယ်

စွဲလန်းခြင်း လွမ်းဆွေးခြင်း မနေနိုင်လောက်အောင် သင်ခဲ့ဖူးတယ်

အချစ်တတ်ဆုံး သတိရဆုံး ကိုယ့်ရဲ့ဘဝမှာတစ်ယောက်ထဲရှိတယ်

တွေဝေခြင်း ဟန်ဆောင်ခြင်း ဒီနောင်တတွေရမှ

ကိုယ့်ရဲ့အဝေး သူထွက်ပြေး အချစ်ဆုံးကိုလေ ဆုံးရှုံးဖူးတယ်

Profile picture
Written/Curated by Thant Zin Oo
← Back to Blog