mastodon

Relativity Theory

March 18, 2007

Einstein ကိုယ်တိုင် ရှင်းပြခဲ့တဲ့ Relativity Theory ရဲ့ ဥပမာလေးပါ။

မိန်းမချောလေး တစ်ယောက်ကို ခင်ဗျားပေါင်ပေါ်မှာ တစ်နာရီလောက်ကြာအောင် တင်ထားပေမယ့် တစ်မိနစ်လောက်ပဲ ကြာတယ်လို့ ခင်ဗျားထင်မယ်။ ဒါပေမယ့် ခင်ဗျားကိုယ်တိုင် မီးဖိုပေါ် တစ်မိနစ်လောက် တက်ထိုင်ရင်တော့ တစ်နာရီလောက်ကြာတယ်လို့ ခင်ဗျား ထင်လိမ့်မယ်။ အဲ့ဒါ Relativity Theory ရဲ့ သဘောပဲ။

ဒါလေးတွေကတော့ နောက်ဆက်တွဲ တင်စားချက်လေးတွေပါ။

ဆံပင်သုံးချောင်းနော်။ ခေါင်းပေါ်မှာဆို သိပ်နည်းတယ်။ အယ်.. ဟင်းချိုထဲမှာဆိုရင်တော့ သိပ်များသွားပြီ။ အဲ့တာ Relativity Theory။

နောက်တစ်မျိုးက…

ကုန်ဆုံးသွားတဲ့ အချိန်တစ်ခုတည်းက အိ်မ်သာတံခါးရဲ့ ဘယ်ဘက်မှာ သင်ရှိနေသလဲဆိုတာပေါ် မူတည်ပြီး မတူညီနိုင်ပါဘူး။ တဲ့။ အဲ့တာလည်း Relativity Theory ပါပဲ။

ဒီဟာသတွေအားလုံးကို မောင်ကောင်းထိုက်ရဲ့ ဟာသပဒေသာ အမှတ်(၁၇)ကနေ ကူးထားပါတယ်။

Profile picture
Written/Curated by Thant Zin Oo
← Back to Blog