mastodon

စပ်ဆက်စဉ်းစားလျှင်

May 30, 2007

ယောကျာ်းတစ်ယောက်ကို “မိန်းမဆန်လိုက်တာ” လို့ ပြောရင် ခါးခါးသီးသီးကို ကြိုက်မှာ မဟုတ်ဘူး။

ဒါပေမယ့် မိန်းမတစ်ယောက်ကို “ယောကျာ်းဆန်လိုက်တာ” လို့ ပြောရင်တော့ ဘာမှ သိပ်ခံစားရမှာ မဟုတ်ဘူး။

ဘာလို့လဲ။ ဒီစာကြောင်းနှစ်ကြောင်းကနေပြီးတော့ ယောကျာ်းဖြစ်ခြင်းက မိန်းမဖြစ်ခြင်းထက် ပိုကောင်းတယ်ဆိုတဲ့ ကောက်ချက်ချမယ်ဆို မှန်ပါ့မလားဗျာ။

ဤစာကြောင်းများအား ဒဿနိကဗေဒဆန်ဆန်၊ (လူတို့၏ စိတ်အစဉ်က သဘာဝကျကျ တုံ့ပြန်မှုကို အခြေခံထားတဲ့) စိတ်ပညာအမြင်ဘက်ကနေ ချဉ်းကပ်ခြင်းသာဖြစ်ပါသည်။ ကျွန်တော်၏ “ခွဲခြားလိုသော” သဘောထား လုံးဝမဟုတ်ရပါကြောင်း… ကျွန်တော်၏ အမေ၊ အစ်မ၊ အဘွား၊ အဒေါ်တို့အား ဦးထိပ်ထားလျက် သိစေအပ်ပါသည်။

Profile picture
Written/Curated by Thant Zin Oo
← Back to Blog