thantzinoo

နွေညကောင်းကင်

ဒီလမ်းကို

ချောမယ်ထင်လို့ ရွေးခဲ့တာမဟုတ်။

ရောက်မှာယုံလို့ ဖောက်ခဲ့တာ။

ဘဝမှာ တခါတရံ

“မြင်စမ်းပါ”လို့ မတိုက်တွန်းဘဲ

“ယုံစမ်းပါ”လို့ တောင်းဆိုရမြဲ မဟုတ်လား။

ရင်ဆိုင်ရာကို စိုက်ကြည့်ရင်း

ကျောခိုင်းရာကို ပြုံးပြရင်း

ဓါးလှံဘက် ခိုလှုံတာထက်

တရားမှန်ဘက်ကို ပုံလိုက်တာ။

မယုံမရဲနဲ့ ဆို

နွေညကောင်းကင်ကြည့်ရင်တောင်

ကြယ်ကလေးတပွင့် မြင်မှာမဟုတ်။

မင်းကိုနိုင်