mastodon

နွေညကောင်းကင်

April 25, 2019

ဒီလမ်းကို

ချောမယ်ထင်လို့ ရွေးခဲ့တာမဟုတ်။

ရောက်မှာယုံလို့ ဖောက်ခဲ့တာ။

ဘဝမှာ တခါတရံ

"မြင်စမ်းပါ"လို့ မတိုက်တွန်းဘဲ

"ယုံစမ်းပါ"လို့ တောင်းဆိုရမြဲ မဟုတ်လား။

ရင်ဆိုင်ရာကို စိုက်ကြည့်ရင်း

ကျောခိုင်းရာကို ပြုံးပြရင်း

ဓါးလှံဘက် ခိုလှုံတာထက်

တရားမှန်ဘက်ကို ပုံလိုက်တာ။

မယုံမရဲနဲ့ ဆို

နွေညကောင်းကင်ကြည့်ရင်တောင်

ကြယ်ကလေးတပွင့် မြင်မှာမဟုတ်။

မင်းကိုနိုင်

Profile picture
Written/Curated by Thant Zin Oo
← Back to Blog