mastodon

V for Vendetta - ကလဲ့စား

July 17, 2009

V for Vendetta | ကလဲ့စား

In view, a humble vaudevillian veteran cast vicariously as both victim and villain by the vicissitudes of fate. This visage, no mere veneer of vanity is a vestige of the vox populi, now vacant, vanished. However, this valorous visitation of a bygone vexation stands vivified and has vowed to vanquish these venal and virulent vermin vanguarding vice and vouchsafing the violently vicious and voracious violation of volition. The only verdict is vengeance, a vendetta held as a votive not in vain, for the value and veracity of such shall one day vindicate the vigilant and the virtuous. Verily, this vichyssoise of verbiage veers most verbose.

– V for Vendetta

“ကံကြမ္မာရဲ့ စိတ်မချမ်းမြေ့ဖွယ် အလှည့်အပြောင်းတွေက ရိုးသားနှိမ့်ချနေတတ်တဲ့ ဝါရင့် ပြဇာတ်မင်းသားကြီးတစ်ယောက်ကို သားကောင်အနေနဲ့ရော မုဆိုးအနေနဲ့ပါ မျက်နှာလွှဲခဲပစ် ပုံသွင်းခဲ့လေရဲ့။ ငါ့ရဲ့ ဒီရုပ်သွင်ဟာ ငါ့အတွက်တော့ ဘာမှ ဝင့်ဝါစရာမရှိတဲ့ အပေါ်ယံလွှာတစ်ခု။ ဒါပေမယ့် အခုတော့ တိတ်ဆိတ်ခန်းခြောက်နေပြီ ဖြစ်တဲ့ လူတွေရဲ့ ရင်ထဲကအော်သံတွေရဲ့ နောက်ဆုံးအကြွင်းအကျန် တစ်ခုပေါ့။ ကာလရှည်ကြာ စိတ်ညစ်ညူးခဲ့ရမှုတွေအပြီး အခုလို သတ္တိရှိရှိ ပေါ်ထွက်လာမှုဟာ ပိုပြီး သက်ဝင်ပြင်းထန်လာလိမ့်မယ်။ ကိုယ့် စီရင်ပိုင်ခွင့်ကို အလွန်အမင်း ရက်ရက်စက်စက်၊ လောဘတကြီး ချိုးဖောက်နေကြတဲ့၊ ရာဇဝတ်မှုတွေ ကျူးလွန်နေကြတဲ့ ဒီ လူယုတ်မာတွေနဲ့ သောင်းကျန်းလွန်းတဲ့ ဒီကြွက်တွေကို အပြီးသတ်ခြေမှုန်းဖို့လည်း ငါ သစ္စာဆိုတယ်။ တစ်ခုတည်းသော စီရင်ချက်ကတော့ လက်တုန့်ပြန်မှုတစ်ခုပေါ့။ သစ္စာတရားရဲ့ တန်ဖိုးအတွက် အချည်းအနှီးမဖြစ်မယ့် ဒီ ကလဲ့စားဟာ တစ်နေ့မှာတော့ နိုးကြားဖျတ်လတ်သူတွေနဲ့ ဖြောင့်မှန်သူတွေအတွက်တော့ ကိုယ့်ရဲ့ လုပ်ရပ်တွေမှန်ကြောင်း သက်သေထွက်ဆိုပေးလိမ့်မယ်။ လေးလေးနက်နက်ပြောရရင်တော့ ငါအခုပြောတဲ့ နားလည်ရခက်တဲ့စကားတွေဟာ လိုတာထက်ပိုပြီး ရှုပ်ထွေးနေပါပြီ။”

စကားလုံးတချို့ရဲ့ အဓိပ္ပါယ်ကို ကျွန်တော်သုံးတဲ့ Dictionary မှာတောင် မတွေ့ဘူး။ Online မှာရှာရတယ်။ ပြီးတော့ ဆရာသမားက စာစကားလိုတွေ ပြောနေတော့ ဘာသာပြန်ရတာ အတော်ထောက်တယ်။

Profile picture
Written/Curated by Thant Zin Oo
← Back to Blog