mastodon

သင်

February 26, 2007

စိမ်းစိမ်းမြမြ

ဒေါသလက်ရွှန်း

မျက်ဝန်းကလေး… သင်။

မုန်းမုန်းမေ့မေ့

အပြုံးသွေ့နွမ်း

နှုတ်ခမ်းကလေး… သင်။

ခိုးခိုးခစ်ခစ်

အပြစ်ဖွဲ့ဟန်

မဲ့သံကလေး… သင်။

ဆူဆူလောင်လောင်

ရန်ထောင်ခြေဆောင့်

ဖနောင့်ကလေး… သင်။

တွေးတွေးတိတ်တိတ်

စိတ်ကောက်ကျောပေး

နောက်ကျောကလေး… သင်။

ဒေါသမျက်လုံး

အမုန်းနှုတ်ခမ်း

ရယ်သွမ်းမယ့်ဟန်

ရန်ထောင်ခြေထောက်

စိတ်ကောက်ကျောပြင်

မိစ္ဆာ… သင်။

ချစ်ခင်သူတို့ ထမင်းပွဲ

ချစ်ခင်သူတို့ အသင်းထဲကို

သင်းကွဲမှောက်လှန်

ခလောက်ဆန်ဖို့

(သင်ဘယ်သူ့ထံက…)

ထောက်ခံစာ ယူခဲ့ပါသလဲ။

မောင်ခိုင်မာ

(သူငယ်ချင်း ဖြိုးသီဟအောင် ဆီကပဲ ကူးတာပါ။ ကဗျာနာမည်ကိုတော့ ကဗျာထဲက “သင်” ဆိုတဲ့ စာလုံးလေးကိုပဲ ပြန်ယူပြီး ပေးထားပါတယ်။)

Profile picture
Written/Curated by Thant Zin Oo
← Back to Blog