mastodon

သုည (၄)

February 13, 2010

– အရိပ် ဆိုသည်မှာ အလင်းမဲ့သော အလင်းတမျိုးသာ ဖြစ်သည်။

– မသိမ်းပိုက်သောသူဟာ အရာရာကို အောင်နိုင်တယ်။

– မိန်းမတစ်ယောက်၏ မျက်ဝန်းသည် အေးမြသော မီးတောက်မီးလျှံတစ်ခု ဖြစ်သည်။

– တစ်စုံတစ်ခုကို ရယူပိုင်ဆိုင်သည် ဖြစ်စေ၊ တစ်စုံတစ်ခုကို စွန့်လွှတ်ဆုံးရှုံးသည် ဖြစ်စေ… တကယ်တော့ အရာရာသည် ဘာမှ မဟုတ်ကြပါ။ ဝမ်းသာစရာရှိလျှင် ဝမ်းသာပြီး စိတ်ဆိုးစရာရှိလျှင် စိတ်ဆိုး၍ ဝမ်းနည်းစရာရှိလျှင် ဝမ်းနည်းလိုက်ရုံသာ ဖြစ်သည်။ ဘာကိုမှ သယ်ဆောင်ဖို့ မလိုပါ။

Profile picture
Written/Curated by Thant Zin Oo
← Back to Blog