mastodon

ဇွတ် - နီကိုရဲ

February 11, 2007

ဖတ်လို့ အခုလေးတင်ပဲ ပြီးသွားပါတယ်။ မကြိုက်ဘူး။ ဇာတ်လမ်းကို မကြိုက်တာ။ တမျိုးပဲ။ ဒါပေမယ့် အဲ့ဒီဝတ္ထုထဲမှာ ကြိုက်တဲ့ စာကြောင်းလေ တစ်ချို့ပါတယ်။

သည်းခံတယ်ဆိုတာ ချုပ်တည်းတာ မဟုတ်ဘူး။ နားလည်တာ။ ချုပ်တည်းတယ်ဆိုတာ ပုထုဇဉ်အတွက် ဒေါသကို စုထားတာပဲ။ သည်းခံခြင်း ဖြစ်မလာနိ်ုင်ဘူး။ သည်းခံခြင်းဆိုတာ နားလည်မှုပဲ။

ရိုးသားသည့်အခါ သတ္တိသည် အလိုလိုပါလာစမြဲ။

မိန်းကလေးတို့မည်သည် သူတို့စေတနာကိုလည်း စိတ်ကောက်ခြင်းနဲ့ ပြတတ်သည်။ သူတို့အလိုဆန္ဒကိုလည်း စိတ်ကောက်ခြင်းနဲ့ ပြတတ်သည်။ သူတို့ အနိုင်ရချင်စိတ်ကိုလည်း စိတ်ကောက်ခြင်းနဲ့ ပြတတ်ကြသည်။ သူတို့ လျှို့ဝှက်ချက်ကိုလည်း စိတ်ကောက်ခြင်းနဲ့ ပြတတ်ကြသည်။ သူတို့ ကရုဏာကိုလည်း စိတ်ကောက်ခြင်းနဲ့ ပြတတ်ကြသည်။ စိတ်ကောက်ခြင်းသည် မိန်းကလေးတို့၏ မာယာဗဟိုဌာနချုပ်ပင် ဖြစ်သည်။

Profile picture
Written/Curated by Thant Zin Oo
← Back to Blog