THANT ZIN OO

Drifting through the Internet

Menu Close

Category: Poem (page 1 of 3)

ပန်းစကား

လှေမျောတက်မဲ့ လည်ချင်းနွဲ့မီ
တစ်လှည့်စီမွှေး လက်ချင်းတွေဆုပ်
ငှက်တေးချိုပျား ပန်းစကားကို
ပြောကြားမဆုံး နှစ်ယောက်လုံးပဲ
အပြုံးလှယ်ကြ ရယ်မောကြနှင့်
တစ်ဘဝမျှ နေချင်သည်…

(ကြည်အေး)

ခံစားချက်

အသံလေးကို ချစ်တယ်ဆိုရင် အသံကြားရရုံနဲ့ ကျေနပ်လိုက်တာ အကောင်းဆုံးပါပဲ။ စိတ်ကို စိတ်အတိုင်း ထားနိုင်ရမှာပေါ့။ ခံစားချက်ဆိုတာ အတ္တမပါမှ ဖြူစင်တယ်။

စိုမှာ စိုးလို့ မိုးမိတယ် – မင်းခိုက်စိုးစန်

နွေတမ်းချင်း

မေ ပြန်အလာ
နွေ ဒဏ်ရာတွေ
မွကြေသမျှ။

ပုရစ်ဖူးစိမ်း
မျက်ရည်လိမ်းလျက်၊
တိမ်းနွဲ့တွယ်ငင်
ကြိုနေချင်သည်။

ကြွေရွက်တစ်ပွေ့
နွေရက်နေ့တွေ
မေ နဲ့တွေ့မှ တိုင်ပြောမယ်။

မောင်လှမျိုး(ချင်းချောင်းခြံ) ၏ “မှိုင်း” ရင်တွင်းဖွဲ့ကဗျာများ မှ

ချစ်သူ

တို့နှစ်ယောက်ဟာ ……
ချစ်သူ မဖြစ်လိုက်ကြရတဲ့
ချစ်သူတွေပါပဲ …..။
လေတစ်ချက် အဝင့်မှာ
ပွင့်ချိန် ကုန်သွားတာပါ

ကိုးမရှိတဲ့နဝင်း − တာရာမင်းဝေ

အပြာရောင်အလံတစ်လက်

ချစ်သူဆိုတာ
ငါ့သမိုင်းမှာ
အပြာရောင်အလံတစ်လက်ပဲဖြစ်တယ်။

ငြိမ်းချမ်းရေး…
လွတ်လပ်ရေး…
သူ့လက်ကလေးနဲ့ပေးရင်
…ယူချင်တယ်။

ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေး – တာရာမင်းဝေ

ရည်းစားစာ

စာရွက်ပေါ်မှာ နင့်ကိုချစ်ရုံနဲ့တော့
ငါ့ဘဝ မင်ကုန်တာပဲ အဖတ်တင်လိမ့်မယ်။

မပျံသန်းနိုင်တဲ့ ငှက်လို့ပြောတိုင်း
ပင်ကွင်းငှက်ကို ပြေးမြင်ရင်
နင့်ကို ငါ မခေါ်ချင်ဘူး

ကျောင်းအုပ်ကြီး ဖတ်ဖို့ရေးတဲ့စာမဟုတ်လို့
ကျောင်းသွားဖော်လေး ဖတ်စေချင်တာ
ငါ့စေတနာပါ ..။

နင့်နှလုံးသားကို ဖုန်းခေါ်ပါ
ပြီးမှ ငါ့ကို စာပြန်ပါ …။

ရည်းစားစာ – တာရာမင်းဝေ

နေရစ်ခဲ့

ချစ်သူကိုတောင်
ချစ်တယ်လို့ မပြောရဲတဲ့ကောင်…
ရာစုတစ်ထောင်နေရစ်ခဲ့…
ထိုသို့ဖြင့် စကားမဲ့စေသတည်း

မီးတောက်ရစ်သမ်(တာရာမင်းဝေ)

မီးရှူးမီးပန်း

တကယ်တော့ ကောင်းကင်အထိ မရောက်လိုပါဘူး
အပွင့်စိုစိုတွေနဲ့
လေထဲမှာ လင်းချိုငိုက်တွဲကြည့်ရတာပါ
မီးရှူးမီးပန်းပဲကွယ်
ငါ့ရဲ့ ဂီတက ပူအိုက်ခြောက်သွေ့လွန်းလှပါတယ်။

ရှူး – တာရာမင်းဝေ

မျှော်လင့်ခြင်း

ချစ်သူ… နင်ဟာ ငါရဲ့ အိပ်မက်တွေထဲက ဘယ်တော့မှ ထွက်ပြေးမသွားနိုင်သလို ငါ့ရင်ခွင်ထဲလည်း ဘယ်တော့မှ ရောက်လာနိုင်မှာ မဟုတ်ပါဘူး ချစ်သူ…

သေဆုံးခြင်း

နင့်ရဲ့ အသက်ရှူမှားလောက်တဲ့ အလှယဉ်ယဉ်ကြောင့် ငါ သေဆုံးခဲ့ရတာ အကြိမ်ကြိမ်ပေါ့… ချစ်သူ