mastodon

ငါ

October 04, 2006

ဒီနေ့ ကျွန်တော်ရွေးထားတဲ့ Effective Interpersonal Communication ဆိုတဲ့ Module မှာ Activity ခပ်ဆန်းဆန်း တစ်ခု လုပ်ရပါတယ်။ ကျောင်းသားတိုင်းက ကိုယ့်ကျောမှာ စာရွက်အလွတ်တစ်ရွက် ကပ်ထားရပါတယ်။ ပြီးရင် သူ့သူငယ်ချင်းတွေက သူကို ဘယ်လိုမြင်တယ် ဆိုတာကို လာရေးရပါမယ်။ ၁၀ ခု အနည်းဆုံးရှိအောင် ရေးခိုင်းပါတယ်။ ဘယ်သူဘာရေးသွားလဲတော့ အတိအကျ မသိနိုင်ဘူးပေါ့။ ဒါပေမယ့် ခန့်မှန်းလို့ ရပါတယ်။ အတန်းထဲမှာ လူမှမများတာ။ ကျွန်တော့် စာရွက်ပေါ်မှာတော့

Pleasant Guy – Quite Nervous

Funny

Open Urself More (Mr.Introvert)

The sort of guy a girl would like to bring home to meet mom.

fantastic! fun!

very jolly guy

Quiet Guy

Never really get a chance to know you well

Nice smile and friendly

Pleasant Guy

The sort of guy blah blah ဆိုတာ ဘယ်သူရေးသွားမှန်း ခန့်မှန်းလို့ရတယ်။ =)

ထားလိုက်ပါတော့။ မဆိုးပါဘူး။ ကိုယ့်ကို သူများတွေ ဘယ်လိုမြင်တယ်ဆိုတဲ့ Blind Self ကို လေ့လာခွင့်ရတာ တော်တော်လေး ပျော်ဖို့ကောင်းပါတယ်။ သူငယ်ချင်းတွေ အများကြီး စုမိရင် စမ်းကြည့်သင့်ပါတယ်။ (ကိုယ်မသိတဲ့ လူတွေပါရင် ပိုတောင်ကောင်းပါတယ်။)

Profile picture
Written/Curated by Thant Zin Oo
← Back to Blog