mastodon

လူ နဲ့ ပြဿနာ

July 27, 2009

လူတွေ တစ်ယောက် နဲ့ တစ်ယောက် (တစ်ဖွဲ့ နဲ့ တစ်ဖွဲ့) အဆင်မပြေဖြစ်ပြီဆိုရင် အကြောင်းရင်း နှစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။

အချက်အလက်ပေါ်မှာ ကွဲလွဲခြင်း (Fact)

ဒါက ရှင်းပါတယ်… နေသည် အရှေ့အရပ်ကထွက်သည်ဆိုတာကို ငြင်းတာမျိုးပေါ့။ Jury အဖွဲ့က ဖြစ်စေ၊ တတ်ကျွမ်းသူတစ်ယောက်ကဖြစ်စေ၊ လူအများက ဖြစ်စေ ရှင်းပြရင် ကိစ္စပြတ်ပါတယ်။

ခံယူချက်ပေါ်မှာ ကွဲလွဲခြင်း (Perception)

ဒါကတော့ ပိုလည်းလေးနက်ပြီး ပိုလည်း အန္တရာယ်ကြီးတဲ့ အမျိုးအစားပါ။ အခြေအနေတစ်ခုကိုပဲ သုံးသပ်တဲ့ ရှုထောင့်ကွာတဲ့အခါမှာ ထိပ်တိုက်ရင်ဆိုင်ရတဲ့ အနေအထား။ ပိုအန္တရာယ်ကြီးတယ်ဆိုတာက ကိုယ်လက်ခံထားတဲ့ အမှန်တရား (perceived truth) ကို ပွန်းပဲ့မခံနိုင်တဲ့ လူတွေရဲ့ မာနကြောင့် ပြဿနာကို ပြေလည်ဖို့ အလှမ်းဝေးနေတတ်ပါတယ်။ ပြေလည်အောင် ယတိပြတ်ဆုံးဖြတ်ဖို့ ဘယ်ဘက်ကမှလည်း သက်သေအလုံအလောက် မပြနိုင်လို့ နှစ်ယောက်လုံး သဘောထားမပြည့်ဝနိုင်သရွေ့ အခြေအနေက ဆိုးသထက်ဆိုးရုံပဲ ရှိပါတော့မယ်။

Profile picture
Written/Curated by Thant Zin Oo
← Back to Blog